(၂၈.၂.၂၀၂၀)ရက်နေ့၊ (၀၂ ၄၀)အချိန်ခန့်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်(၂)လမ်းနေ အိမ်ရှင် ဒေါ်ဝင်းမြင့်၏ (၂၀×၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းနေအိမ်၌ မီးခလုပ်ခုံ အပူလွန်ကဲပြီး ဘေးအကာသို့ ကူးစက်၍ မီးလောင်မှုဖြစ်ပွားကြောင်း (၀၂ ၄၂)အချိန် သတင်းရရှိသဖြင့် မြဝတီမြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၃)စီး၊ မြဝတီမြို့နယ်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သင်္ဃန်း ညီနောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၁၄)ဦး၊ အရန်(၄၀)ဦးတို့ဖြင့် သွားရောက်၍ ရေဂါလန်(၆၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၃ ၁၅) အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၂၀×၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ (၂၀×၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းအုတ်ညှပ်(၂)ထပ် နေအိမ်အပေါ်ထပ် မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၂,၅၀၀,၀၀ဝိ/-(ကျပ်နှစ်ဆယ့်ငါးသိန်း)ခန့် ဖြစ်ကြောင်းနှင့် အိမ်ရှင် ဒေါ်ဝင်းမြင့်အား မြဝတီမြို့မရဲစခန်းမှ (ပ)၂၃၇/၂၀၂၀၊ ပြစ်မှု ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။