(၃၀.၁၀.၂၀၁၉)ရက်နေ့၊ (၁၇ ၂၅)အချိန်ခန့်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်နယ်မြေ၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၆၀)Kmနှင့်(၁၆၁)Km အကြားတွင် ကော့ကရိတ်မှ မြဝတီသို့ ယာဉ်မောင်း မောင်နိုင် မောင်းနှင်လာသော (5D/9069) Came အမျိုးအစား (အဖြူရောင်) (၂၂)ဘီးတွဲ ယာဉ်သည် ဘရိတ်ပေါက်ကာ လမ်း၏ညာဘက်အခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း (၁၇ ၃၀) အချိန် သတင်းရရှိသဖြင့် သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၄)ဦး၊ အရန်(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါ ကြောင်းနှင့် ယာဉ်မောင်း မောင်နိုင်အား သင်္ဃန်းညီနောင်နယ်မြေရဲတပ်ဖွဲ့စခန်းမှ (ပ)၂၈/၂၀၁၉ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။