၁၈.၁.၂၀၂၁ ရက်နေ့၊ ၀၂ ၁၅ အချိန်ခန့်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တရုတ်ကျေးရွာအုပ်စု၊ မူးကဝါကျေးရွာနေ အိမ်ရှင် ဦးစောအဘီး၏ (၃၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားကြောင်း ၀၂ ၂၀ အချိန် သတင်းရရှိသဖြင့် တရုတ်လှနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထုံးအိုင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦး၊ အရန်(၈)ဦးတို့ဖြင့် ရေဂါလန် (၁၆၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၂ ၄၅ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၃၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၁)လုံး မီးလောင်ခံရပြီး အိမ်ရှင် ဦးစောအဘီး အား ထုံးအိုင်နယ်မြေရဲစခန်းမှ (ပ) ၃/၂၀၂၁ ၊ ရာဇသတ်ကြီးမှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။