(၂၈.၁၁.၂၀၁၉)ရက်နေ့၊ (၁၃ ၁၀)အချိန်ခန့်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ၊ အာရှလမ်းမကြီး၊ တောနော်ရေတံခွန်အနီး ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်သည့် ယာဉ်အမှတ်(3K-3986) ပရိုဘောက် (အဖြူရောင်)ယာဉ်သည် အင်ဂျင်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း (၁၃ ၁၅)အချိန် သတင်းရရှိသဖြင့် ကော့ကရိတ်ခရိုင်မီးသတ်စခန်းမှ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် ရေဂါလန်(၉၀၀)ခန့်အသုံးပြု ငြှိမ်းသတ်ခဲ့ရာ (၁၃ ၃၅)အချိန် မီးငြိမ်း ပါသည်။ မီးလောင်မှုကြောင့် ယာဉ်(၁)စီးလုံးနှင့် ယာဉ်၏နောက်တွင် တင်ဆောင်လာသော ဆိုင်ကယ် အမျိုးအစား (စုံစမ်းဆဲ)တို့ မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၁၅ဝဝ,ဝဝဝိ/- (ကျပ်တစ်ဆယ့်ငါးသိန်း)ခန့် ဖြစ်ကြောင်းနှင့် ယာဉ်မောင်း(စုံစမ်းဆဲ)အား ကော့ကရိတ်မြို့မရဲစခန်းမှ (ပ) ၃၁၆/၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။