ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ(၁၀)တွင် ၂၄.၁၀.၂၀၂၁ ရက်နေ့၊ ၁၄ ၁၀ အချိန်ခန့်က အိမ်ငှားဖြစ်သူ ဦးမောင်မောင်သန်း၏ (၄၀x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ခြေတံရှည်နေအိမ်၏ အပေါ်ထပ်အိပ်ခန်းအတွင်း သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ ၁၄ ၁၆ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၄၁)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၇၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၂၆ အချိန် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၄၀x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ခြေတံရှည် နေအိမ်(၁)လုံး၊ (၃၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်(၁)လုံး၊ (၄၀x၁၅)ပေ၊ သွပ်မိုး၊ အကာမရှိ ယက္ကန်း အလုပ်ရုံ(၁)လုံး၊ စုစုပေါင်း နေအိမ်(၂)လုံးနှင့် ယက္ကန်းအလုပ်ရုံ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ငှား ဦးမောင်မောင်သန်း အား မြစ်ကြီးနားမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၂၄၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။