(၉. ၇.၂၀၁၉)ရက်နေ့၊ (၀၉ ၅၀)အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ သိန်လုံ ကျေးရွာနေ အိမ်ရှင် ဦးလောဆောင်၏ (၂၅×၁၇)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည် (၁)ထပ် နေအိမ်တွင် လူစောင့်မရှိဘဲ ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ထားရာမှ အောက်ခံဘုရားစင်သို့ မီးကူးစက်လောင် ကျွမ်းမှုဖြစ်ပွားကြောင်း (၁၀ ၀၀)အချိန် သတင်းရရှိသဖြင့် ဒေါ့ဖုန်းယန်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၅)ဦး ရေဂါလန် (၁၆၀၀)ဖြင့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် (၂၅×၁၇)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည်(၁)ထပ် နေအိမ်(၁)လုံးနှင့် (၁၀×၁၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေညီထပ်၊ မီးဖိုဆောင်(၁)လုံး မီးလောင်ခံရ၊ ဆုံးရှုံးမှုတန်းဖိုး ၇၅ဝ,ဝဝဝိ/- (ကျပ်ခုနှစ်သိန်းငါးသောင်း)ခန့်ဖြစ်ကြောင်းနှင့် အိမ်ရှင် ဦးလောဆောင်အား ဒေါ့ဖုန်းယန် နယ်မြေရဲစခန်းမှ (ပ) ၇/၂၀၁၉၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိသည်။