(၃၀.၇.၂၀၁၉)ရက်နေ့၊ (၁၀ ၄၅)အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ်(၁၇၉/၀)နှင့် (၁၇၉/၁)ကြား မော်ဟန်ကျေးရွာဘက်မှ နန့်စီးအောင်ဘက်သို့ မနှင်းအိခိုင် (ကိုယ်ဝန်သည်)မောင်းနှင်သည့် KENBO 125 မော်တော်ဆိုင်ကယ်နှင့် နန့်စီးအောင်ဘက်မှ မော်ဟန်ဘက်သို့ ယာဉ်မောင်း ကျော်သူ မောင်းနှင်သည့် KENBO 125 မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် ဝင်တိုက်မှု ဖြစ်ပွားကြောင်း (၁၀ ၅၀)အချိန် သတင်းရရှိသဖြင့် မော်ဟန်နယ်မြေမီးသတ်စခန်းမှ သန္ဓေ(၂)ဦး၊ အရန် (၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ ဆိုင်ကယ်တိုက်မှုကြောင့် မနှင်းအိခိုင်(ကိုယ်ဝန်သည်) ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)အား လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပါကြောင်းနှင့် ဆိုင်ကယ်မောင်း ကျော်သူအား မော်ဟန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။