(၁၁.၇.၂၀၁၉) ရက်နေ့၊ (၁၄ ၃၀) အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပွားကြောင်း (၁၄ ၃၂) အချိန်သတင်းရ၍ ဗန်းမော်မြို့နယ်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၆)ဦးနှင့် အရန် (၃)ဦး တို့မှ ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စု(၆)စုအား ဘေးလွတ်ရာနေရာများသို့ ကူညီရွှေပြောင်း ပေးခဲ့ပါကြောင်းနှင့် ဗန်းမော်မြို့နယ်အတွင်းရှိ ရေဝင်ရောက်ခဲ့သည့် ကျေးရွာများမှ စာသင် ကျောင်းအချို့အား ယာယီပိတ်ထားပါကြောင်း သတင်းရရှိပါသည်။