(၃.၆.၂၀၁၉)ရက်နေ့၊ (၁၈ ၁၅)အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ နောင်ခိုအုပ်စု၊ မင်းလှရပ်ကွက်နေ ပိုင်ရှင် ဦးဘိုဘို၏ (၂၆x၄၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း (၁၈ ၁၈)အချိန် သတင်းရရှိသဖြင့် ဗန်းမော်ခရိုင် မီးသတ် ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ် ရေသယ်ယာဉ်(၃)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် ရေဂါလန်(၄၈၀၀) ခန့်အသုံးပြုငြှိမ်းသတ် ခဲ့ရာ (၁၈ ၃၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၂၆x၄၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ် ခင်း(၁)ထပ် နေအိမ်ရှိ မျက်နှာကြက်များနှင့် ပြတင်းတံခါးများ မီးလောင်ခံရပါသည်။ ဆုံးရှုံးမှု တန်ဖိုး ၈၅၀,၀၀ဝိ/- (ရှစ်သိန်းငါးသောင်း)ခန့်ဖြစ်ပြီး၊ မီးလောင်မှုအကြောင်းအရင်းနှင့် အရေးယူ ခံရသူ(စုံစမ်းဆဲ)ဖြစ်ပါကြောင်း သတင်းရရှိပါသည်။