(၂၈.၃.၂၀၂၀)ရက်နေ့၊ (၀၉ ၁၅)အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ရွှေကျီးနားရပ်ကွက်ရှိ  (၂၇x၂၇)ပေ၊ သက်ငယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ်တွင် လူစောင့်မရှိဘဲ ဘုရားစင်တွင် လျှပ်စစ်မီးအား နှစ်ပင်လိမ်ဝါယာကြိုးဖြင့် ပလပ်ခုံရှိပလပ်ပေါက်(၃)ပေါက်အား တစ်ပြိုင်တည်း စုပေါင်းမီးထွန်းအသုံးပြုရာမှ ပလပ်ခုံအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း (၀၉ ၂၀)အချိန် သတင်းရရှိသဖြင့် ဗန်းမော်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၃)ဦး၊ အရန် (၅)ဦးတို့ဖြင့် ရေဂါလန်(၁၂၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၀၉ ၃၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၂၇x၂၇)ပေ၊ သက်ငယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂)ထပ်နေအိမ် အပေါ်ထပ် မီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၈၀၀,၀၀ဝိ/- (ကျပ်ရှစ်သိန်း)ခန့် ဖြစ်ပါကြောင်းနှင့် ပိုင်ရှင်အား ဗန်းမော်မြို့မရဲစခန်းမှ (ပ) ၇၉/၂၀၂၀ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အ‌ရေးယူထားပါကြောင်း သတင်းရရှိပါသည်။