(၃၀.၇.၂၀၁၉)ရက်နေ့၊ (၁၄ ၃၀)အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့မရပ်ကွက်၊ မရှီကထောင် ရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်တို့တွင် အိမ်ခြေ(၁၆၀)ခန့် အတွင်းသို့ ချောင်းရေ(၂)ပေခန့် ဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၇)ဦး၊ အရန်(၁၅)ဦးတို့ဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ ရေဘေးကြိုတင်ဆော်ဩခြင်းနှင့် ရေဝင်ရောက်သော အိမ်ခြေ(၁၆၀) လုံး၊ အိမ်ထောင်စု(၄၅)စုမှ ပစ္စည်းများအား ကူညီပြောင်းရွှေ့ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။