(၃၀.၇.၂၀၁၉)ရက်နေ့၊ (၁၃ ၁၀)အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ တောင်ကော့ရွာ၊ အောင်ဟိန်းမင်း(ကုမ္ပဏီ) ရပ်နားထားသော လုပ်ကွက်အတွင်း ကမ်းပါးထပ်မံပြိုကျ၍ နွံကန်အတွင်းသို့ နစ်မြုပ်မှုဖြစ်စဉ်တွင် ပျောက်ဆုံးနေသူများအား ဗန်းမော်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၅)ဦး၊ အရန်(၁၀)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် လ ၂၈၀၀၃ ရဲတပ်သား ပေါင်းကပ်ခွာ(သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။