(၃၀.၇.၂၀၁၉)ရက်နေ့၊ (၁၂ ၃၀)အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကရင်ချောင်းကျေးရွာရပ်ကွက်(၃)တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မျောချောင်းမှရေတိုက်စား၍ မြေစာများ မျောပါလာပြီး လူနေအိမ်(၂၀)လုံးအား မြေစာများဖုံးလွှမ်းမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သန္ဓေ(၅)ဦး၊ အရန်(၁၀)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြောင်းရွှေ့ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။