(၂၈.၁၁.၂၀၁၉)ရက်နေ့၊ (၁၄ ၀၀)အချိန်ခန့်၊ ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ် အတွင်းရှိ မဂွေဇ-ခေါင်လန် ဖူးလမ်း၊ ငါ့လုံဘိုတဲအဆင်းအနီးတွင် ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်သည့် ခရီးသည်ကျား(၃)ဦး၊ မ(၅)ဦး၊ စုစုပေါင်း ၈ ဦးတင်ဆောင်လာသော ယာဉ်အမှတ်(9C/3842) NOAH (အဖြူရောင်)ယာဉ်သည် ချောက်အတွင်း တိမ်းမှောက်မှုဖြစ်ကြောင်းသတင်းရသဖြင့် နောင်မွန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် အခင်းဖြစ်နေရာတွင် ကျား(၁)ဦး၊ မ(၃)ဦးသေဆုံးခဲ့ပြီး နောင်မွန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်ကျား(၁)ဦး ထပ်မံသေဆုံး၊ စုစုပေါင်း(၅)ဦး သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူ(၃)ဦးတို့အား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။