၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ နေ့လည် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်းရှိ ပိုင်ရှင် ဦးအေးဝင်း၏ (၅၀x၃၀)ပေ၊ သွပ်မိုး၊ ကွန်ကရစ်ခင်း RC(၂)ထပ် “Big Boss” ကုန်စုံဆိုင်အဆောက်အဦ၏ အပေါ်ထပ်တွင် အင်ဗာတာဖြင့် ဘထ္ထရီအိုးအားသွင်းရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၅)စီး၊ သူနာတင်ယာဉ် (၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၅၀x၃၀)ပေ၊ သွပ်မိုး၊ ကွန်ကရစ်ခင်း RC(၂)ထပ် “Big Boss”ကုန်စုံဆိုင် အဆောက်အဦ၏ အပေါ်ထပ်၊ ကုန်စုံပစ္စည်းများ၊ အင်ဗာတာ(၁)လုံးနှင့် ဘထ္ထရီအိုး(၁)လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအေးဝင်းအား ကော့သောင်းမြို့မရဲစခန်းမှ (ပ)၁၈၁/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။