Latest Announcement
feature-image-732

ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရေပြန်လည်ကျဆင်းသွားသော အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(၁)စာသင်ကျောင်းဝန်းအတွင်း နံနက် ၇ နာရီ အချိန်တွင် ကလောမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၂)စီးဖြင့် တင်ကျန်ခဲ့သော နုန်းမြေများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ ရွှေ့ပြောင်းခြင်း လုပ်ငန်းများသွားရောက် ကူညီဆောင်ရွက် ခဲ့ရာ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်၊၊