Latest Announcement
feature-image-730

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်သာမြစ်ရေမြင့်မှုကြောင့် အမှတ်(၃)ရပ်ကွက်တွင် မြစ်သာမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျခဲ့ပြီး ဆက်လက်ပြိုကျနိုင်သည့်အတွက် မြစ်ကမ်းအနီးရှိ နေအိမ်(၁)လုံးအား ဂန့်ဂေါခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် နေအိမ်ရှိ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးတို့အား ဘေးလွတ်ရာသို့ ဆွေမျိုးများအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။