Latest Announcement
feature-image-726

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၇ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၇၉/၃)နှင့် (၇၉/၄) ကြားတွင် ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ဦးဇော်မင်း မောင်းနှင်လာသော FUSO အမျိုးအစား(အဖြူရောင်)(၂၂)ဘီး ဆီဘောက်ဆာယာဉ်သည် မောင်းနှင်လာစဉ်အရှိန်မထိန်းနိုင်ဘဲ ရှေ့တွင် ရပ်ထားသော ဂျုံအိတ်များတင်ဆောင်ထားသည့် NISSAN အမျိုးအစား(အနက်ရောင်)(၂၂)ဘီး နောက်တွဲယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းနှင့်ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မီးသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား(၁)ဦး၊ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦး စုစုပေါင်း အမျိုးသား(၂)ဦးအနက် ယာဉ်မောင်း အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ရွှေရဲနွယ် ပရဟိတအသင်းယာဉ်ဖြင့် ပြွန်တန်ဆာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ဦးဇော်မင်းအား ပြွန်တန်ဆာနယ်မြေရဲစခန်းမှ ယာဉ်(ပ)၈/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။