Latest Announcement
feature-image-717

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်လျက်ရှိသော ရွှေပေါ်ကျွန်းကျေးရွာ၊ ရှမ်းပွဲရပ်ကွက်၊ ရွှေသူဌေးရပ်ကွက်၊ မင်းကုန်းရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီအချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော ရွှေပေါ်ကျွန်းကျေးရွာမှ အိမ်ထောင်စု(၃၄၄)စု၊ လူဦးရေ (၁၂၀၀)ဦး၊ ရှမ်းပွဲရပ်ကွက်မှ အိမ်ထောင်စု(၅၂၁)စု၊ လူဦးရေ(၁၅၆၃)ဦး၊ ရွှေသူဌေးရပ်ကွက်မှ အိမ်ထောင်စု (၆၃၅)စု၊ လူဦးရေ(၂၅၄၀)ဦး၊ မင်းကုန်းရပ်ကွက်မှ အိမ်ထောင်စု(၂၉၈)စု၊ လူဦးရေ(၉၅၁)ဦး ၊ စုစုပေါင်း အိမ်ထောင်စု(၁၇၉၈)စု၊ လူဦးရေ(၆၂၅၄)ဦးတို့အား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်းသိရှိ ရပါသည်။