Latest Announcement
feature-image-715

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်းလောင်မြစ်ရေမြင့်တက်၍ မြေနိမ့်ပိုင်းရှိ သဲမောင်းကန်ကျေးရွာအုပ်စု၊ ဘလဲ့ဘကျေးရွာအုပ်စု၊ ကံချောကျေးရွာအုပ်စု၊ စကားအင်းကျေးရွာအုပ်စု၊ ထန်းလုံးတပ်ကျေးရွာအုပ်စုနှင့် ပန်းယျကျေးရွာအုပ်စုတို့ရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တံတားဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများထွက်ခွာဆောင်ရွက် ခဲ့ရာ ညနေ ၆ နာရီအချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော သဲမောင်းကန်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၄၆၉)စု၊ လူဦးရေ(၁၉၂၉)ဦး၊ ဘလဲ့ဘကျေးရွာအုပ်စုမှ အိမ်ထောင်စု(၇၅)စု၊ လူဦးရေ(၁၇၈)ဦး၊ ကံချောကျေးရွာအုပ်စုမှ အိမ်ထောင်စု(၈၀၂)စု၊ လူဦးရေ(၂၉၁၈)ဦး၊ စကားအင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု(၉၆၀)စု၊ လူဦးရေ (၃၆၄၂) ဦး၊ ထန်းလုံးတပ်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၇၀၄)စု၊ လူဦးရေ(၂၇၆၉)ဦး၊ ပန်းယျကျေးရွာအုပ်စုမှ အိမ်ထောင်စု (၃၈၀)စု၊ လူဦးရေ(၁၅၉၃)ဦး၊ စုစုပေါင်း အိမ်ထောင်စု(၃၃၉၀)စု၊ လူဦးရေ(၁၃၀၂၉)ဦးတို့အား ရေဘေးလွတ်ရာသို့ ကူညီရွေ့ပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။