Latest Announcement
feature-image-705

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ပိုင်ရှင် ဒေါ်ခင်ဆွေမြင့် (ဆိုင်ခန်းငှား) ဦးရဲနိုင်၏ (၁၈x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း(၁)ထပ် “Auto Mobile” ဖုန်းနှင့် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်ခန်းတွင် ဘက်ထရီအိုးအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လပွတ္တာခရိုင်/မြို့နယ်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၁၈x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း(၁)ထပ် ဆိုင်ခန်း(၂)ခန်း၊ (၉x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း(၁)ထပ် ဆိုင်ခန်း၏အမိုးအနည်းငယ် မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ဆိုင်ခန်းငှား ဦးရဲနိုင်အား လပွတ္တာမြို့မရဲစခန်းမှ (ပ)၇၅/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။