Latest Announcement
feature-image-704

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၁၁/၆)နှင့် (၃၁၁/၇)ကြားတွင် မန္တလေးမှ နေပြည်တော်သို့ ယာဉ်မောင်း ဦးနိုင်ကြီးမောင်းနှင်လာသော ယာဉ်အမှတ် 7I-8474 YUTONG အမျိုးအစား (အဝါရောင်) “တော်ဝင်ထွန်း” Express ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်သို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်စည်အမြန်လမ်းမီးသတ် စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၂၀ မိနစ် အချိန်တွင် ပြီးစီးပါသည်။အဆိုပါဖြစ်စဉ်ကြောင့် “တော်ဝင်ထွန်း” Express ယာဉ်၏ ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၇)ဦး၊ အမျိုးသား ကလေး(၁)ဦး၊ အမျိုးသမီး ကလေး(၃)ဦး စုစုပေါင်း(၁၇)ဦးအနက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၇)ဦး၊ အမျိုးသားကလေး(၁)ဦးနှင့် အမျိုးသမီး ကလေး(၁)ဦး စုစုပေါင်း(၁၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ယာဉ်မောင်း အမျိုးသား(၁)ဦး(သေဆုံး)တို့အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင် သူနာတင် ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးနိုင်ကြီး(သေဆုံး)အား ပြင်စည်အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။