Latest Announcement
feature-image-702

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့၊ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၇/၃)တွင် နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးကျော်သက် မောင်းနှင်လာသော YUTONG အမျိုးအစား (အပြာရောင်) EFE ခရီးသည်တင်ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်လွန်ပြီး တစ်ဖက် ယာဉ်ကြောလမ်းသို့ တစောင်းအနေအထားဖြင့် ရောက်ရှိကာ ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော TOYOTA BELTA အမျိုးအစား(ခဲရောင်)ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့ချောင်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ အချိန်တွင် ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် EFE ခရီးသည်တင်ယာဉ်၏ ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၅)ဦး အနက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် TOYOTA BELTA အမျိုးအစား(ခဲရောင်)ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား(၂)ဦး အနက် အမျိုးသား(၁)ဦး ထိခိုက် ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မြို့ချောင်းတိုက်နယ်ဆေးရုံမှ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးကျော်သက်အား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၆/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။