Latest Announcement
feature-image-699

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ငလိုက်ချောင်းရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ ရွှေချီရပ်ကွက် နယ်မြေ(၅)၊ နယ်မြေ(၇)နှင့် ရွာကောက်ရပ်ကွက်တို့တွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်(၁)စီး၊ သယ်ယူပို့ဆောင်ရေးလှေ(၁)စီး တို့ဖြင့် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ နံနက် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော ရွှေချီရပ်ကွက် နယ်မြေ(၅)၊ နယ်မြေ(၇)နှင့် ရွာကောက်ရပ်ကွက်တို့မှ အိမ်ထောင်စု(၃၆၉)စု၊ လူဦးရေ(၂၀၁၁)ဦးအား ရေဘေးလွတ်ရာ စဉ်အိုးဖိုတိုက် ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ ကူညီရွေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။