Latest Announcement
feature-image-29

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ ပေါက်တော-မင်းပြားကားလမ်းဘေးတွင် ၃၁.၃.၂၀၂၂ ရက်နေ့၊ ၀၅၁၅ အချိန်ခန့်က ပိုင်ရှင် ဒေါ်သန်းသန်းဦး၏ (၁၈၀x၆၀)ပေ၊ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း ကြက်မွေးမြူရေးခြံတွင် ကြက်အကောင်ရေ(၃၀၀)အား မီးသွေးမီးဖိုဖြင့် အပူပေးခြင်းဆောင်ရွက်ပြီး မီး မငြှိမ်းသတ်ဘဲထားခဲ့ရာမှ အနီးရှိ ဝါးထရံအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ပေါက်တော မြို့နယ်မီးသတ်စခန်းမှ ၀၅၂၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်(၅)ဦး တို့ဖြင့် ရေဂါလန်(၁၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅၄၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၈၀x၆၀)ပေ၊ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း ကြက်မွေးမြူရေးခြံ အဆောက်အဦ(၁)လုံး၊ (၈x၆)ပေ၊ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း လူနေအိပ်ခန်း(၁)ခန်း၊ ကြက်သားပေါက်(၂၀၀)ကောင်၊ အသားစားကြက်(၁၀၀)ကောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်သန်းသန်းဦးအား ပေါက်တောမြို့မရဲစခန်းမှ (ပ)၁၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။


နောက်ဆုံးရ သတင်းများ