On April 20, 2026, at around 8:30 a.m., a fire broke out at the “Sumprabum” restaurant in Swut Nguai Ward, Tanai Township, Kachin State. The restaurant is owned by U Kaung Myat Aung (34 years old). The fire started while the cook, U Aung Gyi, was preparing meals using a wood-fired stove and temporarily left the kitchen unattended. As a result, the fire spread to a nearby bamboo wall.Upon receiving the report, firefighters from the Tanai Township Fire Station and auxiliary fire brigade members responded with three fire engines and extinguished the fire at around 9:30 a.m.Due to the fire, the following properties were destroyed: one zinc-roofed and bamboo-walled kitchen, one zinc-roofed shop room, one single-storey male staff dormitory with a zinc roof and timber walls, one single-storey male staff dormitory with a zinc roof and brick walls, and one single-storey female staff dormitory with a zinc roof and bamboo walls. Additionally, one Honda Airwave vehicle (No. 9G/3278) and one Toyota Mark II (without license plate) were also destroyed by the fire.It is reported that the cook, U Aung Gyi (26 years old), has been charged by Tanai Myoma Police Station under Case No. (P) 11/2026, Section 285 of the Penal Code, and legal action has been taken against him.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဆွတ်ငိုင်ရပ်ကွက်တွင် “ဆွမ်ဘရာဘွမ်” စားသောက်ဆိုင် ပိုင်ရှင် ဦးကောင်းမြတ်အောင်(၃၄)နှစ်၏ (၈x၈)ပေ၊ သွပ်မိုး၊ ထရံကာ မီးဖိုအခန်းတွင် ချက်ပြုတ်ရေးတာဝန်ခံ ဦးအောင်ကြီးမှ ထင်းမီးဖိုဖြင့် ဟင်းများချက်ပြုတ်နေစဉ် နောက်ဖေးသို့ ခဏထွက်သွားခဲ့ရာ လူစောင့်မရှိဘဲထားခဲ့ရာမှ အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တနိုင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၃)စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၈x၈)ပေ၊ သွပ်မိုး၊ ထရံကာမီးဖိုခန်း(၁)ခန်း၊ (၆x၆)ပေ၊ သွပ်မိုး၊ ထရံကာ ဆိုင်ခန်း(၁)ခန်း၊ (၁၀x၆)ပေ၊ သွပ်မိုး၊ ထရံကာ(၁)ထပ် အမျိုးသားဝန်ထမ်းအိပ်ဆောင်(၁)လုံး၊ (၁၆x၁၀)ပေ၊ သွပ်မိုး၊ နံကပ်(၁)ထပ် အမျိုးသားဝန်ထမ်းအိပ်ဆောင်(၁)လုံး၊ (၇၂x၆)ပေ၊ သွပ်မိုး၊ ထရံကာ (၁)ထပ် အမျိုးသမီးဝန်ထမ်းအိပ်ဆောင်(၁)လုံး၊ ယာဉ်အမှတ်(9G/3278) Honda Airwave ယာဉ်(၁)စီးနှင့် Toyota Mark2(နံပါတ်ပြားမရှိ)ယာဉ်(၁)စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ချက်ပြုတ်ရေးတာဝန်ခံ ဦးအောင်ကြီး(၂၆)နှစ်အား တနိုင်းမြို့မရဲစခန်းမှ (ပ)၁၁/၂၀၂၆၊ ရာဇသတ်ကြီးဉပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။



