Latest Announcement
feature-image-1270

On November 14, 2025, at approximately 1:40 AM, a car fire broke out at the corner of Wayzayandar Road and Thitsa Road, Ward (3), South Okkalapa Township, Yangon Region. A Hilux Surf (gray) driven by U Yae Min Oo was traveling along Wayzayandar Road when its front-left tire burst. While continuing to drive, sparks ignited the tire and caused a fire. According to the report, firefighters and auxiliary firefighters from the South Okkalapa Township Fire Station responded with one fire engine. The fire was extinguished at 1:48 AM.As a result of the fire, the vehicle's front-left wheel, engine compartment, and interior were damaged and destroyed. The driver, U Yae Min Oo (55), has been charged by the South Okkalapa Myoma Police Station under Penal Code Section 285 (Case No. Pa 374/2025).

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၁ နာရီ ၄၀ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ်၊ (၃)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်တွင် ဝေဇယန္တာလမ်း အတိုင်း ယာဉ်မောင်း ဦးရဲမင်းဦး မောင်းနှင်လာသော Hilux Surf (ခဲရောင်) ယာဉ်သည် ရှေ့ဘယ်ဘက်ဘီးပေါက်ရာမှ ဆက်လက်မောင်းနှင်စဉ် အလွိုင်းမီးပွင့်၍ တာယာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၈ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် Hilux Surf (ခဲရောင်)ယာဉ်၏ ရှေ့ဘယ်ဘက် ကားဘီး၊ အင်ဂျင်ခန်းနှင့် အတွင်းခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးရဲမင်းဦး (၅၅)နှစ်အား တောင်ဉက္ကလာပမြို့မရဲစခန်းမှ (ပ)၃၇၄/၂၀၂၅၊ ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။



နောက်ဆုံးရ သတင်းများ