(၁၀.၁.၂၀၁၉)ရက်နေ့၊ ၀၃ ၅၅အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း ခြောက်ထပ်ကွေ့မိုင်တိုင်အမှတ်(၂၄/၄)နှင့် (၂၄/၅)ကြားတွင် မောင်းနှင်လာသော Inter Cola အစိမ်းနုရောင် (၁၂)ဘီး (ကုန်မဲ့) ယာဉ်သည် ဘရိတ်ပေါက်၍ လမ်းညာဘက်ခြမ်းရှိ (၁၅)ပေအနက်ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်၊ ၀၃ ၅၈ အချိန် သတင်းရ၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းနှင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ (၂၂)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး သုံးတောင်ကျေးရွာလူမှုရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။