ဆေးလိပ်သောက်လျှင်
- ၁။ လမ်းသွားရင်းဆေးလိပ်မသောက်ရ။
- ၂။ မီးငြှိမ်းသတ်ပြီးမှစွန့်ပစ်ပါ။
- ၃။ မီးမငြိမ်းပဲပစ်စည်းများကြားနံရံတန်းများပေါ်မထားရ။
မီးသတ်ဆေးဘူးအသုံးပြုပုံ
- ၁။ မီးသတ်ဆေးဘူးလုံခြုံရေးသော့တန်ကိုဆွဲဖြုတ်ပါ။
- ၂။ မီးလောင်မှုဖြစ်သည့် အခြေအရင်းမြစ်ကို မီးသတ်ဆေးဗူးခေါင်းဖြင့် ချိန်ရွယ်ရပါမည်။ အနီးသို့ ကပ်နိုင်သမျှ ကပ်ပါ။
- ၃။ လက်ကိုင်မောင်းတံကိုဆွဲညှစ်ပါ။
- ၄။မီးတောက်၏အခြေအနေကို ချိန်ရွယ်ပြီး မီးတောက်ပမာဏအပေါ် မူတည်၍ ဝှေ့ယမ်းငြိမ်းသတ်ရပါမည်။
ဓါတ်ဆီဖြည့်လျှင်/ဓါတ်ဆီဖလှယ်လျှင်
- ၁။စက်နိုးထားစဉ် ဆီမထည့်ရ။ဆီထည့်စဉ် လက်ကိုင်ဖုန်း မသုံးရ။
- ၂။ ဖယောင်းတိုင်မီးဖြင့်ကြည့်ခြင်း၊ဆေးလိပ်သောက်ခြင်းမပြုလုပ်ရ။
- ၃။ ရာသီဥတုပူပြင်းချိန်ပလပ်စတစ်ပုံးသုံးခြင်းရှောင်ပါ။
- ၄။ လောင်စာဆီကိုအင်ဂျင်ပန့်ဖြင့်တွန်းပို့ရွှေ့ပြောင်းခြင်းမပြုရ။
- ၅။ ပွတ်တိုက်မှု (Friction)မှသဘာဝတည်ငြိမ်လျှပ်စစ် (Static Electricity) ဖြစ်ပေါ်တတ်မှုကြောင့် မီးလောင်နိုင်သည်။