EMERGENCY: 191 myanmar.fsd@gmail.com
Hot News
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းကားလမ်းမဘေး၊ ထိန်ပင်သုသာန်အနောက်ဘက်ရှိ အကျယ်အဝန်း(၃၀၀)ဧက၊ အမြင့်(၁၀)ပေခန့်ရှိ အမှိုက်ပုံတွင် မီးလောင်မှုဖြစ်ပွား

၁၅.၅.၂၀၁၈ ရက်နေ့၊ ၁၃ ၃၀ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ငြိမ်းအေးကျေးရွာအုပ်စု၊ ဘုရားလေးငုတ်တိုကျေးရွာနေ (၂၄×၂၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် မီးဖိုဆောင်အကာထရံအား မီးရှို့မှုဖြစ်ပွားရာ အရပ်မှ ၀ိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ ၁၃ ၄၅ အချိန်တွင်မီးငြိမ်းပါသည်။ ၁၅ ၁၀ အချိန်တွင် သတင်းရရှိသဖြင့် ဇလွန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃)ဦးဖြင့် သွားရောက်စစ်ဆေး ခဲ့ပါသည်။ အဆိုပါ မီးလောင်မှုကြောင့် (၂၄×၂၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုး ၈၆၄,၀၀၀ိ/ – (ကျပ်ရှစ်သိန်းခြောက်သောင်းလေးထောင်)ခန့်ဖြစ်ကြောင်း သတင်းရရှိပါသည်။