EMERGENCY: 191 myanmar.fsd@gmail.com
Hot News
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွား

၁၅.၅.၂၀၁၈ ရက်နေ့၊ ၁၀ ၃၀ အချိန်ခန့်တွင် မိတ္ထီလမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၁/၄)နှင့်(၂၈၁/၅)အကြား၊ နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသော Yinxing-110 (အနက်ရောင်) ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ပဲ လမ်းမပေါ်တွင် တိမ်းမှောက်မှုဖြစ်ပွားကြောင်း ၁၀ ၃၅အချိန် တွင် သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။