EMERGENCY: 191 myanmar.fsd@gmail.com
Hot News
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရထားလမ်းမိုင်တိုင်အမှတ် (၂၆၇/၂၀)နှင့်(၁၆၇/၂၁) အကြား ယာဉ်တိုက်မှုသတင်း

(၁၀.၁.၂၀၁၉)ရက်နေ့၊ ၁၈ ၁၅ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင် နယ်မြေ၊ ဘုရားကိုင်ရပ်ကွက်၊ ဘုရားကိုင်လမ်းမကြီး၊ စိန်ပန်းပြားလမ်းထိပ်တွင် မောင်းနှင်လာသော လိုက်ထရစ်ရေသယ်ယာဉ် (ပုံပြောင်း) မော်တော်ယာဉ်သည် ကားအနောက်ဘက်ရှိ ကရောင်းဝင်ရိုးကျိုးရာမှကားဘီးများ ပွင့်ထွက်ပြီး အရှိန်မ ထိန်းနိုင်ဘဲ လမ်းဘေးကပ်လျက်ဆောက်လုပ်ထားသည့် (၂၀×၄၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း (၂)ထပ်နေအိမ် ဘေးနံရံအား ဝင်တိုက်မှုဖြစ်၊ ၁၈ ၂၀ အချိန် သတင်းရ၊ မြိတ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ သန္ဓေ (၂၃)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။